MEMBER INFO
Username: globe9winName: globe9
Location: YangonCountry: MyanmarAge: 37Gender: FemaleMember Since: Wednesday, Jul 4 2007
Last Visit: Sunday, May 11 2008
|
|
လွတ်လပ်တယ်ဆိုတာ
Wednesday,Jan 2 2008, 05:10:36 PM
(Last updated: Wednesday,Jan 2 2008, 06:41:12 PM)
* လွတ်လပ်တယ် ဆိုတာ ဘာာလဲဆိုတော့ စိတ်က အမှီအခိုကင်းတာ၊ စိတ်က စိတ်သက်သက်ကလေးပဲ၊ ဘာကိုမှငြိတွယ်မနေတာ ၊ဘယ်အာရုံ ထောင်ချောက်ထဲမှာ မိမနေတာ၊ ဘာဖြစ်ချင် စိတ်ဆိုတဲ့ လောဘ ထောင်ချောက်ထဲမှာမိမနေတာ၊ ဘာကြောက်ညာကြောက်ဆိုတဲ့ ဒေါသ သောက ထောင်ချောက်ထဲမှာမိမနေတာ ၊ ဘာပူညာပူဆိုတဲ့ သောက ထောင်ချောက်ထဲမိမနေတာ၊ တငါငါဆိုတဲ့ မာန်မာန ထောင်ချောက်ထဲမှာမိမနေတာ၊ အဲဒါကို လွတ်လပ်တယ် လို့ပြောတယ်
* တရားအားထုတ်လိုက်တော့ စိတ်က လုပ်ရုံ သက်သက်ကလေး လုပ်တတ်သွားတယ်၊
* မြန်မာစကားတတ်တိုင်း မြန်မာစကားလက်နက်ကိုင်ပြီးတော့မှ ပြောချင်တိုင်းပြော၊လိမ်ချင်တိုင်းလိမ်၊ ဦးနှောက် လက်နက်ကိုင်ပြီးတော့မှ ထင်ချင်တိုင်းထင်၊ ကိုယ့်လှေကိုယ် ထိုးပဲခူးရောက်ရောက် ဆိုပြီးတော့မှ၊ ကိုယ်ဦးနှောက်လက်နက် ကိုယ်ကိုင်ပြီးတော့မှကိုယ်ထင်ရာ တရားလုပ်နေတဲ့အစွဲကိုဖြုတ်ရမှာပါ၊
* ကိုယ့်ဘိုးဘွားတွေ ၊မိဘတွေ၊ ဘုရားအစစ်၊ တရားအစစ်၊ သံဃာအစစ်ကို မတွေ့ရှိခဲ့လို့ ရွှေတိ ဂုံ၊ ကျိုက်ထီးရိုး လမ်းဆုံးခဲ့တဲ့အတွက်၊ ကိုယ့်မှာ ဘုရားအစစ်၊ တရားအစစ်၊ သံဃာအစစ်ကို၊ ဘိုးဘွားတွေ မိဘတွေမကျေခဲ့တဲ့တာဝန်ကို ကျေပွန်အော င်ထမ်းဆောင်ရမယ့် တာဝန်ကိုယ့်မှာရှိတယ်၊ မိဘအကြွေးကို သားသမီးက ဆပ်ရသလိုပေါ့၊ ဒါလည်းအကြွေးပဲ၊ သံသရာ အကြွေးတင်နေတယ်၊ တစ်သံသရာ လုံး မကျေခဲ့တဲ့မဆပ်နိုင်ခဲ့တဲ့ ဘိုးဘွားအကြွေးကို ကိုယ့်လက်ထပ်မှာ မဆပ်နိုင်ရင် ကိုယ့်သားသမီး လက်ထဲထပ်ရောက်သွားလိမ့်မယ်၊ ကိုယ့်မြေးမြစ် လက်ထဲ ထပ်ရောက် သွားလိမ့်မယ်၊
*၊ကြားတာ လေးကိုကြားတယ်လို့ ကြားရုံလေးပဲ၊ ကြားရုံသက်သက် သဘောလေးကိုသာလက်ခံပါ၊ ကြားတယ် လို့တောင်မြန်မာ သိမသိနဲ့ ၊မြန်မာစကား လက်နက်ကိုချ၊ ကြားတဲ့သဘော
လေးကိုသာ တိုက်ရိုက် သိနေပါ၊ ဘာပြောတယ်ဘာပြောတယ် ဂရုမစိုက်နဲ့၊ ပြောသူမရှိ၊ နားထောင်သူမရှိ ကြားသူမရှိ ၊ဖြစ်ရုံလေးပဲရှိတယ်လို့ သဘောလေးပဲ ရှိတယ်လို့ ၊၀င်လေ ထွက်လေ ထင်ရှားရင်လဲဝင်လေ ထွက်လေနဲ့ နှာသီးဖျားနဲ့ ထိခိုက်လို့ ပေါ်လာတဲ့ ထိဆဲ ထိဆဲ သဘောလေးသက်သက်ကိုသာ တိုက်ရိုက်သိနေပါ၊ ထိတယ် ဆိုတဲ့မြန်မာစကား အစွဲဖြုတ်ပါ၊ အာရုံတွေ ပေါ်တယ် ဆိုလဲ ပေါ်ရုံသက်သက်၊နဖူးအထက်မှာ စိတ်ရောက်တယ် ဆိုလဲ သိရုံ သက်သက်၊ တစ်ခုခု သိတယ် ဆိုလဲ သိရုံ သက်သက် သဘောလေးကိုသာ တိုက်ရိုက်သိနေပါ၊ နှလုံးသားမှာ ဖြစ်ဖြစ်ဗိုက်မှာ ဖြစ်ဖြစ်စိတ် ရောက်နေတယ် ဆိုရင်လဲ လှုပ်ရုံသက်သက် သဘော လေးကိုသာ တိုက်ရိုက်သိနေပါ၊ လှုပ်တယ်ဆိုတဲ့ စကားလုံး ပညတ်မပါစေနဲ့၊ ဝေဒနာ တစ်ခုခု ခံစားနေရတယ် ဆိုရင်လ ဖြစ်ရုံခံစားရုံသက်သက်ကိုသာ တိုက်ရိုက်သိနေပါ၊ နာတယ်၊ ကျင်တယ်၊ ကိုက်တယ်၊ ခဲတယ် ၊မူးတယ် ၊မောတယ်ဆိုတဲ့ လူသိမသိနဲ့၊ လူသိသိနေရင် လူမရှိတာ ဘယ်တော့မှ သိမှာမဟုတ်ဘူး
* ဒီတရားကို အားကိုးတဲ့စိတ် ကလည်း အားဆေးသောက်တဲ့လူလိုပဲ အားရှိလာသလို၊ အားဆေးနဲ့ ပေါင်းတော့လူကအားရှိလာသလို ၊သစ္စာတရား အမှန်တရားဆိုတဲ့ အားဆေးနဲ့ ပေါင်းတော့ လည်းစိတ်က အားရှိလာတာပေါ့၊
* လူတွေငမ်းငမ်းတက်ဖြစ်နေတဲ့၊ လောကီအောင်မြင်မှုတွေ ရရှိဖို့ဆိုတာလည်း ဒီအလုပ်ပဲ၊ တရားပဲအားကိုးစရာရှိတယ်၊ လောကီကတစ်မျိုး၊လောကုတ္တရာက တစ်မျိုးနှစ်မျိုးမရှိဘူး၊ လောကီဆိုတာမရှိဘူး၊ လောကုတ္တရာပဲရှိတယ်၊ ဒီအလုပ်သာ လုပ်လိုက် ကိုယ့်ရဲ့ လိုအင်ဆန္ဒ အကုန်ပြီးမြောက်သွားမယ်၊
|
Comments to globe9win
| |
|
|
|
This page took 0.196763 seconds to load.