metal's Homepage
Albums:
See All 1 Albums... | ||||
| ![]() |
Profile:
Guestbook:
|
|
|
MEMBER INFO
Username: metalgear44077 Name: metal Location: Yangon Country: Myanmar Age: 22 Gender: Male Member Since: Monday, Oct 1 2007 Last Visit: Friday, Sep 26 2008 MY FRIENDS
|
|
New York, New York
United States
အောက်တိုဘာလထုတ် ခေတ်ပြိုင်ဂျာနယ်မှ ဗိုလ်ထက်မင်း၏ ဆောင်းပါး
ဗိုလ်ထက်မင်း တင်ပြထားတဲ့ တပ်အတွင်းက အာဏာလွန်ဆွဲပွဲတွေ အကြောင်းကို ခေတ်ပြိုင် ဂျာနယ်မှ မူရင်းအတိုင်း ကျွန်တော် ကိုဖိုးတရုတ်မှ တင်ပြပေးလိုက်ပါတယ်။
န၀တ စတင်ဖွဲ့စည်းစဉ်ကာလ ၁၉၈၈/ ၉၀ ခုနှစ်အတွင်းမှာ ဗိုလ်စောမောင်နှင့် ဗိုလ်ခင်ညွန့်တို့ဟာ နိုင်ငံတကာ ဖိအားပေးမှုတွေကြောင့် နိုင်ငံရေး အကြပ်အတည်းတွေကို ရင်ဆိုင်ဖြေရှင်းနေရပြီး ၁၉၉၀ခုနှစ် ရွေးကောက်ပွဲ အမြန်ပြီးစီးဖို့ လုပ်ကိုင်နေချိန်မှာ ဗိုလ်သန်းရွှေက စစ်ရေးကိစ္စတွေကိုသာ ကိုင်တွယ် ဖြေရှင်းနေရပါတယ်။ အဲဒီနောက် မင်္ဂလာဒုံ ရန်ကုန်တိုင်း စစ်ဌာနချုပ် စုပေါင်းရိပ်သာမှာ နာဂ၊ လရှီး၊ လဟယ် တိုင်းရင်းသားတွေ နှင့် တွေ့ဆုံပွဲတွေမှာရယ်၊ မြန်မာ့ရုပ်မြင်သံကြားနှင့် အသံလွှင့်ဦးစီးဌာနက ၀န်ထမ်းတွေ နဲ့ တွေ့ဆုံပွဲ တွေမှာရယ်ကို ကြည့်ရင် ဗိုလ်စောမောင်ရဲ့ စိတ်ဖိစီးမှုနှင့် အလုပ်ဒါဏ်ကြောင့် ဂယောင်ချောက်ချား ဖြစ်ပေါ်နေမှုတွေဟာ သိသာထင်ရှား ပေါ်လွင်လာနေပါတယ်။ အာဏာရှင်စနစ် လိုလားတဲ့ ဗိုလ်ချုပ်တွေရဲ့ အဓိက မကြိုက် နှစ်သက်တဲ့ အကြောင်းကတော့ ဗိုလ်စောမောင်ဟာ ရွေးကောက်ပွဲ လုပ်ပြီးရင် အာဏာလွှဲပေးမယ်လို့ ပြောလိုက်တာဘဲ ဖြစ်ပါတယ်။
ဒါကြောင့် ဗိုလ်တင်ဦးနှင့် ဗိုလ်ခင်ညွန့်တို့က ဦးနေ၀င်းထံသွားရောက် တင်ပြပြီးဗိုလ်သန်းရွှေကို တပ်မတော် ကာကွယ်ရေးဦးစီးချုပ် အဖြစ်တင်ကာ ဗိုလ်စောမောင်အား ဖြုတ်ချခဲ့ကြပါတယ်။ ဖြုတ်ချ တဲ့နေ့က ဆိုရင် ဗိုလ်စောမောင်ရဲ့ဇနီး ဒေါ်စောရီအဖွားကြီးဟာ ထမီတိုတိုဝတ်ကာ စစ်ရုံးကို ဒေါနဲ့မောနဲ့ တက်လာလို့ ဗိုလ်ခင်ညွန့်က အချိန်မှီ သူ့ရုံးခန်းကို ဖိတ်ခေါ်ပြီး နှစ်သိမ့်ဖြောင်းဖျ လိုက်ရကြောင်း သိရပါတယ်။ ဗိုလ်သန်းရွှေ တက်လာခါစမှာတော့ ဗိုလ်ခင်ညွန့်ကို နိုင်ငံရေး အခင်းအကျင်းအရ ပိုပြီး မှီခိုအားထား ရတာမို့ ဗိုလ်ခင်ညွန့် အနေနဲ့ တန်ခိုးထွားလာကာ အချို့ တိုင်းမှူးနှင့် သဟဇာတ မဖြစ်တာ တွေ့ရပါတယ်။ ဗိုလ်ခင်ညွန့်ဟာ ဗျူဟာမှူး ဘ၀ကနေ အချိန်တိုအတွင်းမှာ တပ်မမှူး၊ တိုင်းမှူးမဖြစ်ဘဲ နအဖရဲ့ အဆင့်မြင့်ဆုံး နံပါတ်(၂)ရာထူးကို ရလာတာမို့ တိုင်းမှူး တချို့က မနာလို ကြတာလည်း ဖြစ်ပါတယ်။ ဒါကြောင့် ဗိုလ်မောင်အေးနဲ့ ဗိုလ်မြင့်အောင်တို့ တိုင်းမှူးဘ၀တုံးမှာ န၀တ အတွင်းရေးမှူး(၁) ဖြစ်နေတဲ့ ဗိုလ်ခင်ညွန့်က နယ်မြေကွင်းဆင်း စစ်ဆေးဖို့ လာတယ်ဆိုရင် အလေးမပြုချင်လို့ လေယာဉ် လှေကားထိပ် အထိတက်ပြီး လက်ကို အတင်းဆွဲကာ ဆင်းချလာတဲ့ အပြုအမှုမျိုး လုပ်လာကြပါတယ်။ မန္တလးကို ရောက်လာတဲ့ ဗိုလ်ခင်ညွန့်ကို အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ထွန်းကြည်ကလဲ လေဆိပ်ကိုဆင်း ကြိုဖို့မပြောနဲ့ တည်းခိုနေတဲ့နန်းတွင်းဧည့်ရိပ်သာ ကို လာရောက် တွေ့ဆုံဖို့တောင် ပျက်ကွက်ပြီး မထီမဲ့မြင် လုပ်နေတဲ့အတွက် ဗိုလ်ခင်ညွန့်က ဗိုလ်သန်းရွှေရဲ့ ညွှန်ကြားချက်တွေ ပါလာတယ်လို့ ချိန်းခြောက်ခေါ်မှ ဗိုလ်ထွန်းကြည် ရောက်လာတာဖြစ်ပါတယ်။
ဗိုလ်ထွန်းကြည်ဟာ လေးလပတ် အစည်းအဝေးမှာတောင် ဗမာပြည်ကို ထက်ခြမ်းခွဲပစ် လိုက်မယ်လို့ အတည် ပြောသလို နောက်ပြောသလိုလို ပြောခဲ့သူဖြစ်ပါတယ်။ ဒါ့အပြင်အစည်းအဝေးပြီးရင် မန္တလေးမှာ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မောင်သင့်နှင့် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ကျော်ဘ တို့ကို ဌာနေမပြန်ခိုင်းပဲ ဝေ့လည်ကြောင်ပတ်နဲ့  ဘုရားဖူးခေါင်းစဉ် ပြကာ အုပ်စုဖွဲ့ နေကြပါတယ်။ ဒါကိုရိပ်မိလာလို့ ဗိုလ်သန်းရွှေနှင့် ဗိုလ်ခင်ညွန့်တို့ ခေါင်းချင်းဆိုင် ပူးပေါင်းပြီးသူတို့တွေကို ၀န်ကြီးရာထူးများ ပေးကာ တပ်မှခါထုတ်ခဲ့ပါတယ်။ ဗိုလ်သန်းရွှေ ကိုယ်တိုင် ဗိုလ်ထွန်းကြည်ကို ကုန်သွယ်ရေးဝန်ကြီး ရာထူးယူဖို့ ချော့မော့နှစ်သိမ့် ခဲ့ရပါတယ်။ အလားတူ အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မြင့်အောင်ဆိုရင် ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မျိုးညွန့်က ဗိုလ်ခင်ညွန့်ကို အလေးပြုတာကိုတောင် ဝေဖန်ရှုတ်ချ ခဲ့ပါတယ်။ ဒါကြောင့် ဗိုလ်မြင့်အောင်လည်း ၀န်ကြီးအဖြစ် ချောင်ထိုး ခံခဲ့ရပါတယ်။ အဲဒီနောက် မှာလည်း အစွမ်းကုန် သောင်းကျန်း လာဘ်စားပြီး အောက်ခြေလွတ်သွားတဲ့ အဲဒီဝန်ကြီး တစ်သိုက်ကို ဗိုလ်သန်းရွှေနဲ့ ဗိုလ်ခင်ညွှန့်တို့က လုံးဝ အနားပေးလိုက်ရတဲ့အထိ ရှင်းထုတ် ပစ်ခဲ့ရပါတယ်။ အဲဒီလို နိုင်ငံရေးနှင့် တပ်တွင်းအာဏာ လွန်ဆွဲပွဲတွေကို လမ်းရှင်းနေရတာမို့ ဗိုလ်သန်းရွှေဟာ KNU နှင့်တိုက်ပွဲကြီးတွေမှာ တပ်မတော်ကို မကွပ်ကဲ နိုင်ခဲ့ဘဲ စစ်ရေးတာဝန်အား စစ်ရေးစစ်ရာ ကျွမ်းကျင်တဲ့ စစ်ရာထူးခန့်ချုပ် ဗိုလ်မောင်လှကိုသာ အထူးစစ်ဆင်ရေးကွပ်ကဲမှု တာဝန်ပေးအပ်ကာ အားကိုးနေရပါတယ်။ ဗိုလ်မောင်လှဟာ ကကလှမ်းနဲ့ ပေါင်းကာ မြိုင်ကြီးငူဆရာတော်နဲ့ KNU ကရင် ဗုဒ္ဒဘာသာဝင် အချို့ကို လက်နက်ခဲယမ်း ပစ္စည်းနဲ့ ပထမအကြိမ် ငွေသားပေးစဉ်ကပင် ကျပ်ငွေ ၅သိန်း ပုံအောပေးကာ ကရင်စည်းလုံးညီညွတ်ရေးကို ဖြိုခွဲစည်းရုံးခဲ့ပါတယ်။ အဲ့ဒီနောက် DKBA ပေါ်ထွက်လာသည်အထိ သွေးထိုးလှုံ့ဆော် နိုင်ခဲ့တာမို့ မာနယ်ပလော ဌာနချုပ်ကို သိမ်းပိုက်နိုင်ခဲ့တဲ့အထိ အောင်မြင်မှုရခဲ့တာ ဖြစ်ပါတယ်။
အဲဒီအခါ ဗိုလ်မောင်လှဟာ စစ်ရေးမာန်မာန တက်ကာ ဗိုလ်သန်းရွှေတို့က ရဲဘော်တွေကို လုပ်အား ပေးမတန်တဆ ခိုင်းတာတွေနှင့် ပတ်သက်ပြီးတော့ ပြင်းထန်စွာဝေဖန်ခဲ့ပါတယ်။ ဗိုလ်မှူးကြီးစောခင်စိုးအား ကရင်တွေကို စည်းရုံးနိုင်ဖို့ စစ်သံမှူးမှကရင်ပြည်နယ် ပ၀တ ဥက္ကဋ္ဌ အဖြစ် ခေါ်ယူတာဝန်ပေးအပ်ရာမှာ လုပ်ထုံးလုပ်နည်းနဲ့မညီ လို့ မဖြစ်နိုင်ကြောင်း ဗိုလ်မောင်လှနှင့် ကာကွယ်ရေးဦးစီးချုပ် အကြား စကားများ ခဲ့ရပါတယ်။ ဒါ့အပြင် ဗိုလ်ခင်ညွန့်က သူ့တပည့် န၀တ ညွန်ကြားရေးမှူးချုပ် ဒုဗိုလ်မှူးကြီးဖေငြိမ်းအား ဗိုလ်မှူးကြီးအဖြစ် ရာထူးတိုးပေး စေချင်တာကို ဗိုလ်မောင်လှက မူဝါဒနှင့်မညီလို့ မရဘူးဟုဆိုကာ ငြင်းဆန် ခဲ့တာလည်း ရှိပါတယ်။ အတွင်းရေးမှူး(၂) ဗိုလ်တင်ဦးက သူ့ရဲ့ တပည့် ဗိုလ်အောင်သန်းထွဋ် (ယခု ရမခ တိုင်းမှူး၊ ကစထမှူး) နဲ့ ဗိုလ်စောအောင်နိုင် တို့ကို စစ်ရုံးမှာ ဆက်လက်တာဝန်ပေးဖို့ သက်ညှာခွင့်ပေးဖို့ ပြောတာကို ဗိုလ်မောင်လှက ခါးခါးသီးသီး ငြင်းဆန် ခဲ့တာတွေကြောင့် နောက်ဆုံးမှာ ဗိုလ်မောင်လှလည်းဘဲ လ၀က ၀န်ကြီးအဖြစ် ချောင်ထိုးခံ ခဲ့ရပါတယ်။ နောက်ဆုံး စစ်တပ်ရဲ့ကြမ်းတမ်းခက်ထန်တဲ့ အာဏာရှင် စစ်ဘီလူးများ ဖြစ်ကြတဲ့ ဗိုလ်ထွန်းကြည်၊ ဗိုလ်ကျော်ဘ၊ ဗိုလ်မြင့်အောင်၊ ဗိုလ်မောင်လှ၊ ဗိုလ်မောင်သင့် တို့ကို ဗိုလ်သန်းရွှေက ဖြုတ်၊ ထုတ်၊ ချခဲ့တာတွေဟာ တပ်တွင်း အတွင်းတိုက်ပွဲနဲ့ အာဏာလွန်ဆွဲပွဲတွေဘဲ ဖြစ်ပါတယ်။ မလေးရှားဝန်ကြီးချုပ် မဟာသီယာနှင့် ဦးနေ၀င်းတို့ရဲ့ သတင်းပေးမှုတွေကြောင့် နိုင်ငံခြားဘဏ်တွေမှာ တရားမ၀င် ငွေကြေး အပ်နှံမှု၊ နိုင်ငံခြားကုမ္ပဏီတွေနဲ့ ပူးပေါင်း စီးပွားရေး သောင်းကျန်းမှု တွေကြောင့်လည်း သူတို့ကို ဖယ်ရှားခဲ့တာ ဖြစ်ပါတယ်။
ဖြုတ်ထုတ်ချ လုပ်ပွဲအပြီး ထွက်စာသွားပေးတဲ့ စစ်ရာထူးခန့်ချုပ်ရုံးက အရာရှိတစ်ဦးကို ဗိုလ်ထွန်းကြည်က “ငါ့ကျန်းမာရေး ဒေါင်ဒေါင်မြည်သေးကြောင်း ပြောလိုက်ကွာ” လို့ ခပ်မာမာ ပြောလွှတ်လိုက်ကြောင်း သိရပါတယ်။ ဖြုတ်၊ ထုတ်၊ ချ ခံရတဲ့ သူတို့ဟာ ကျေနပ်ပုံမပေါ်သေးပဲ အုပ်စုဖွဲ့ပြီး တပ်ထဲမှာ ကျန်ခဲ့တဲ့ သူတို့ရဲ့ တပည့်တပ်မမှူး၊ တိုင်းမှူးတွေကို စည်းရုံးနေကြကြောင်း သိရှိရပါ တယ်။ ဖြုတ်ထုတ်ချပွဲကြီး တွေကိုလုပ်ဆောင်တတ်တာဟာ စနေနေ့တွေမှာ ဖြစ်တာကြောင့် အဲဒီနေ့မှာပဲခူးကို ခရီးလွန်နေတဲ့ ဗိုလ်ထွန်းကြည်ကို ကကကြည်း မှ ဖုန်းဖြင့်ချက်ခြင်းခေါ်ခိုင်းပြီး နှိပ်ကွပ်ခဲ့ကြောင်း သိရပါတယ်။ ဒါကြောင့် စနေနေ့ရောက်တိုင်း ၀န်ကြီးတွေနဲ့ ဗိုလ်ချုပ်တွေဟာ မျက်ခုံးလှုပ်ပြီး ဘုရားစင်မှ မထွက်တော့ဘဲ ဘုရားကိုဖက်မတတ် ရွတ်ဖတ်နေကြရတဲ့ အာဏာရူး ဘ၀တွေဟာဖြင့် သနားစရာ ကောင်းလှပါတယ်။ အခုဆိုရင် နိုင်ငံရေးတာဝန်ပေးမယ်လို့ သတင်းထွက်နေတဲ့ အတွက် ဒုဝန်ကြီးတွေ မြန်မာ့နိုင်ငံရေး ဇာတ်ခုံမှာ ဘယ်လို ဆက် “က” ရမလဲဆိုတာ ၀န်ကြီးတွေကလည်း ရင်တမမနဲ့ မျှော်လင့်စောင့်စားလျှက် ရှိနေကြကြောင်း တင်ပြလိုက် ရပါတယ်ခင်ဗျား။
Yangon
Myanmar
Myspace Hello Comments & Graphics
Yangon
Myanmar
Mandalay
Myanmar
Yangon
Myanmar
Yangon
Myanmar
Yangon
Myanmar
Yangon
Myanmar
twar trade ya ag
Yangon
Myanmar
glitter-graphics.com
Yangon
Myanmar
Recados, Gifs e Imagens no Glimboo.com
Yangon
Myanmar
glitter-graphics.com
Yangon
Myanmar
Yangon
Myanmar
Yangon
Myanmar
Recados em Flash Para Orkut - Felicidade
[Caption.iT - Picture Captions]
Yangon
Myanmar