MEMBER INFO

View My Profile Photos (1)
View More Photos Of nay

Username: naykyar
Name: nay
Location: Mandalay
Country: Myanmar
Age: 61
Gender: Female

Member Since:
Thursday, Nov 17 2005
Last Visit:
Saturday, Mar 15 2008

Go to My Homepage
View My Profile
Add to My Friends
Send Private Message
Add to Subscription
 
Journal Category
 
Journal Archive
 

Jokes


Tuesday,Feb 5 2008, 08:26:15 AM (Last updated: Tuesday,Feb 5 2008, 08:51:22 AM)

အကြောင်းသိပြီးသား

ဓာတုဗေဒဆရာမက အက်ဆစ်ရဲ့ ဂုဏ်သတ္တိတွေကို ရှင်းပြနေတယ်။

သူဟာ အက်ဆစ်ထည့်ထားတဲ့ခွက်ကို ယူလိုက်ပြီး သူ့လက်က လက်စွပ်ကိုပါ ချွတ်လိုက်တယ်။

``အခု ဆရာမ လက်စွပ်ကို အက်ဆစ်ထဲ ထည့်လိုက်မယ်။ လက်စွပ်ဟာ အက်ဆစ်ထဲမှာ ပျော်ဝင်သွားမှာလား´´

``မပျော်ဝင်နိုင်ပါဘူး ဆရာမ´´တဲ့။

ဘာတီက သွက်သွက်လက်လက်ဖြေတယ်။

``ဟုတ်တယ်… မင်းဘယ်လို သိသလဲကွယ့် ဘာတီ´´

``ပျော်ဝင်နိုင်မှဖြင့် လက်စွပ်ကို အက်ဆစ်ခွက်ထဲ ဆရာမ ဘယ်ထည့်လိမ့်မလဲ´´

-

သူသိတာက

ဆရာမ - အိန်ဂျလာ.. ဆရာမကို တစ်ကနေ တစ်ဆယ်အထိ ရေတွက်ပြပါ။

အိန်ဂျလာ - ဟုတ်ကဲ့.. ဆရာမ၊ တစ်၊ နှစ်၊ သုံး၊ လေး၊ ငါး၊ ခြောက်၊ ခုနစ်၊ ရှစ်၊ ကိုး၊ တစ်ဆယ်။

ဆရာမ - တော်လိုက်တာ၊ တစ်ဆယ်ပြီးရင်ရော ဘာဆက်လာသေးလဲ။

အိန်ဂျလာ - ဂျက်၊ ကွင်း၊ ကင်း။

-

တူသလိုလိုပဲ

ဒါရန့်ရုပ်ရည်က ကြည့်ရ နည်းနည်းဆိုးပါတယ်။ သူဟာ သူ့သူငယ်ချင်း အသစ်ဖြစ်တဲ့ ရှရွန်ကို သူ ကျောင်းပိတ်ရက် ခရီးထွက်တုန်းက ဓာတ်ပုံတွေ ပြနေတယ်။ သူ့ပြတဲ့ပုံက ပင်လယ်ကမ်းခြေမှာ မြင်းစီးရင်း ရိုက်ထားတဲ့ပုံပါ။

ရှရွန် - ဒါ… မင်းပုံလား။

ဒါရန် - ဟုတ်တယ်လေ။

ရှရွန် - ဟင်… မင်းကျောပေါ်က ဘယ်သူလဲ။

-

ပြောမိတာ မှားပါတယ်

တစ်နေ့မှာ မူလတန်းကျောင်းတစ်ကျောင်းကို သက်ဆိုင်ရာ တာဝန်ရှိသူက လာရောက် စစ်ဆေးတယ်။ သူက ကျောင်းသားတစ်ယောက်ကို မေးလိုက်တယ်။

``ရောမ အင်ပါယာကြီး ပြိုပျက်သွားစေတဲ့ အဓိက လက်သည်ဟာ ဘယ်သူလဲ´´

ကျောင်းသားက ပျာပျာသလဲနဲ့…

``ကျွန်တော်လုပ်တာ မဟုတ်ပါဘူး´´တဲ့။

တာဝန်ရှိသူက အတန်းပိုင်ဆရာကို ဒီအကြောင်းပြောပြတော့ ဆရာကလည်း

``ဟုတ်ပါလိမ့်မယ်။ ဒီကလေး မလုပ်လောက်ပါဘူး။ သူဟာ လူရိုးလေးပါ´´

တာဝန်ရှိသူ တော်တော် မကျေမနပ်ဖြစ်သွားပါလေရော။ ဒါနဲ့ ကျောင်းအုပ်ကြီးကို သွားတိုင်တော့…

``အဲဒီ ဆရာရော၊ ကျောင်းသားပါ အင်မတန် ရိုးကြပါတယ်။ သူတို့ပြောတာ မှန်ပါလိမ့်မယ်´´

တာဝန်ရှိသူက အတတ်ပညာရေးဆိုင်ရာ ဘုတ်အဖွဲ့ကို ဒီအကြောင်း တင်ပြပါလေရော။ ခဏနေတော့ ဘုတ်အဖွဲ့က ဆုံးဖြတ်ချက် ကျလာတယ်။

``ပျက်ပြီးသား ရောမအင်ပါယာကြီးလည်း ပျက်ပါစေတော့။ ဟိုကျောင်းသားလေး လုပ်တာဆိုရင်လည်း ဘယ်သူမှ မသိအောင် ဒီကိစ္စ ဒီမှာတင် ရပ်ပါတော့´´

-

 

သူမြန်ပုံက

ကျောင်းမှာ ကျောင်းသားလေး သုံးယောက်ဟာ သူတို့ အဖေတွေရဲ့ အပြေးမြန်ပုံကို အပြန်အလှန် ပြောရင်း ကြွားနေကြတယ်။

ပထမကျောင်းသားလေးရဲ့ အဖေက မြားပစ်သမား ဖြစ်ပါတယ်။

ပထမကျောင်းသား - ငါ့အဖေက အပြေးသိပ်မြန်တာကွ၊ သူ့လေးနဲ့ ပစ်မှတ်ကို ပစ်လိုက်ပြီး ပစ်မှတ်ဆီ မြား မရောက်ခင် သူက အရင်ရောက်အောင် ပြေးသွားနိုင်တယ်ကွ။

ဒုတိယကျောင်းသားလေးရဲ့ အဖေဟာ ရထားမောင်းတဲ့သူပါ။

ဒုတိယကျောင်းသား - ဒါလောက်များကွာ၊ ငါ့အဖေဆို ရထားမောင်းနေရင်း ရထားပေါ်က ခုန်ချပြီး ဆင်းပြေးတာ ရထား ရောက်မလာခင် နာရီဝက်လောက်အလိုကတည်းက ဘူတာ ကြိုရောက်နေတာကွ။

တတိယကျောင်းသားလေးရဲ့ အဖေကျတော့ ရုံးဝန်ထမ်းပါ။ သူကလည်း အားကျမခံပါပဲ။

တတိယကျောင်းသား - မင်းတို့ မဟုတ်တာတွေ ပြောပြီး လာမကြွားနဲ့ကွာ။ ငါ့ အဖေကမှ တကယ်မြန်တာ၊ ငါ့အဖေရဲ့ ရုံးဆင်းချိန်က ညနေ ၅ နာရီ ပေမယ့် နေ့တိုင်း ၄ နာရီ ၁၅ မိနစ်လောက်ဆို အိမ်ပြန်ရောက်နေရောကွ။

-

မဖြစ်နိုင်ဘူးထင်တယ်

ဆရာတစ်ယောက်ဟာ တပည့်တွေကို လူဦးရေ တိုးပွားနှုန်းအကြောင်း သင်ကြားပို့ချနေတယ်။

ဆရာ - ကမ္ဘာပေါ်မှာ တရုတ်ပြည်ဟာ လူဦးရေ တိုးပွားနှုန်း အများဆုံးပဲကွ။ တရုတ်ပြည်ရဲ့ လူဦးရေ တိုးပွားနှုန်းဟာ ဘယ်လောက်မြန်သလဲဆိုရင် တရုတ်ပြည်က လူတွေကိုသာ လေးယောက်စီ တန်းစီပြီး တောင်တစ်တောင်ကို ကျော်ခိုင်းရင် အဲဒီ လူတန်းကြီးဟာ ဘယ်တော့မှ ဆုံးမှာကို မဟုတ်ဘူး။

ပို့ချချက်အဆုံးမှာ အတန်းရဲ့ရှေ့ဆုံးမှာ ထိုင်နေတဲ့ ဆမ်ဟာ ဆရာပြောသွားတာကို နားမလည်သလို ပြူးကြောင်ကြောင် ကြည့်တယ်။ ဒါနဲ့ ဆရာလည်း သူ့စကားကို ထပ်ရှင်းရတာပေါ့။

ဆရာ - ဒီလိုလေကွာ၊ သူတို့ရဲ့ လူဦးရေ တိုးပွားနှုန်းဟာ သူတို့ တောင်ပေါ်တက်သွား နိုင်တာထက်တောင် မြန်နေသေးတယ်ကွ။ လူတစ်တန်း တောင်ပေါ် တက်သွားချိန် လောက်မှာပဲ နောက်ထပ် လူတစ်တန်းက ထပ်ဖြစ်(ထပ်မွေးဖွား)နေပြီ။

ဒီအထိလည်း ဆမ်က ပြူးကြောင်ကြောင် ဆက်ကြည့်နေတုန်းပါပဲ။ စိတ်မရှည်တော့တဲ့ ဆရာက ဆမ့်ကို လက်ညှိုးထိုးပြီး လှမ်းမေးလိုက်တယ်။

ဆရာ - မင်းက ဘာကြည့်နေတာလဲ ဆမ်။ ဆရာပြောတာကို နားမလည်ဘူးလား။

ဆမ် - ဟို… သူတို့ တောင်ပေါ် ဖြတ်သွားနေကြချိန်မှာ လူဦးရေတိုးပွားဖို့ကိစ္စတွေ အတွက် အချိန်မှ ရပါ့မလားဟင်။

နွားတစ်ကောင်၏ မှတ်တမ်း

ချစ်သူ့အိမ်မှာ ကျွန်တော်ရောက်နေ၏။ ကျွန်တော်တို့နှစ်ယောက် ဆိုဖာကြီးပေါ်မှာ အတူယှဉ်တွဲ ထိုင်ကြ၏။ ကျွန်တော်က ချစ်သူကို တင်းတင်းကျပ်ကျပ် ဖက်လိုက်၏။ ချစ်သူကလည်း ကျွန်တော့်ကို တင်းတင်းကျပ်ကျပ်ပင် ပြန်ဖက်လိုက်၏။ သို့သော် သိပ်မကြာပါ။ ကျွန်တော့်ကို အသာတွန်းပြီး ရုတ်တရက် ထရပ်လိုက်၏။ ပြီးတော့ မီးခလုတ်ကို လှမ်းပိတ်၏။

ကျွန်တော် အရိပ်အခြည်ကို ကောင်းကောင်း နားလည်လိုက်ပါသည်။ သြော်…သူအိပ်ချင် ရှာပြီကိုး။

ကျွန်တော် သနားစိတ်ဖြင့် ထ ပြန်ခဲ့ပါသည်။

အဖျားရှူးဇာတ်သိမ်း

ပရိဘောဂဆိုင်ကြီး ပိုင်ရှင်တစ်ဦးသည် ပြန်လည်ရောင်းချဖို့ ပရိဘောဂများဝယ်ယူရန် နယူးယောက်မြို့သို့ ရောက်လာခဲ့လေသည်။

သူတည်းသော ဟိုတယ် ဓာတ်လှေခါးထဲ၌ တစ်နေ့မှာ တကယ်လှ တကယ်ချောသော မိန်းမပျိုလေးနှင့် တွေ့ဆုံရ၏။ မိန်းမပျိုလေးက ပြင်သစ်မလေးဆိုတော့ တစ်ယောက် ဘာသာစကားကို တစ်ယောက်က နားမလည်။

ထို့ကြောင့် သူက မှတ်စုစာအုပ်လေးကို ထုတ်ယူပြီး အငှားကားတစ်စီးပုံ ဆွဲပြလိုက်၏။ သူကလေးက ပြုံး၍ ခေါင်းညိတ်၏။ သို့ဖြင့် သူတို့ အငှားကားဖြင့် ပန်းခြံထဲ ရောက်ခဲ့ကြ သည်။

ထို့နောက် သူက စားသောက်ဆိုင်ပုံ ဆွဲပြပြန်၏။ ဆိုင်ထဲရှိ စားပွဲတစ်လုံးပုံ ဆွဲ၏။ စားပွဲပေါ်မှာ အမေးလက္ခဏာပုံလေး ထည့်လိုက်၏။ သည်တော့လည်း သူကလေးက ပြုံးပြီး ခေါင်းညိတ်ပြန်၏။ သို့ဖြင့် သူတို့ စားသောက်ဆိုင်မှာ ညစာစားဖြစ်သွားကြ၏။

ညစာစားအပြီးမှာ သူက ကချေသည်လေး နှစ်ယောက်ပုံကို ဆွဲပြပြန်၏။ သူကလေး အထာပေါက်သွား၏။ ထိုညမှာ သူတို့ နိုက်ကလပ်တွင် ပျော်ပျော်ပါးပါး အားပါးတရ ကကြလေ၏။

က လို့ ၀သွားသည်တွင် သူကလေးက ခဲတန်နှင့် စာရွက်တောင်းယူပြီး နှစ်ယောက်အိပ် ကုတင်ကြီးပုံတစ်ပုံ ဆွဲပြလိုက်၏။

သည်တွင် ကျွန်ုပ်တို့၏ ဇာတ်လိုက်ကြီး ကြက်သေသေသွားတော့၏။ ရင်သပ်အံ့သြ သွားတော့၏။

``ဟား…အံ့ရော၊ အံ့ရော၊ ကျုပ် ပရိဘောဂဆိုင်ရှင်ဆိုတာ ဒီသူငယ်မ ဘယ်လိုလုပ် သိသွားတယ် မသိပါဘူးဗျာ။ အံ့ရော..အံ့ရောပဲ´´တဲ့လေ။

ဦးထုပ်သက်သေ

တစ်ခါက မြို့တစ်မြို့တွင် လူသတ်မှု တစ်ခု ဖြစ်လေသည်။ သေသူ၏ အလောင်းဘေးမှာ ဦးထုပ်တစ်လုံး ကျကျန်ရစ်သည်။ ထိုဦးထုပ်ကို ရဲတို့က သက်သေခံပစ္စည်းအဖြစ် သိမ်းလိုက်သည်။ သီးခြားထူးခြားသော မည်သည့်သက်သေခံပစ္စည်းမှ မရှိ။ ထို့ကြောင့် ဦးထုပ်သည် အဓိက ဖြစ်နေသည်။ ရဲတို့က ထိုဦးထုပ်မျိုး စွဲစွဲမြဲမြဲ ဆောင်းလေ့ရှိသော ကိုသံလုံး ကို ဖမ်းလိုက်သည်။

ရုံးသို့ တင်သောအခါ ဦးထုပ်ကလည်း အဓိကသက်သေခံပစ္စည်းအဖြစ် ရုံးတော်သို့ ပါသွားတော့သည်။ ကိုသံလုံး၏ ရှေ့နေကမူ အမှုစစ်မည့်နေ့တွင် ထိုဦးထုပ်မျိုး ဆယ်လုံး ကို တင်ပြပြီး

``တရားသူကြီးမင်းခင်ဗျား၊ သက်သေခံအဖြစ် တင်ပြထားတဲ့ ဦးထုပ်မျိုးဟာ အဲဒီ တစ်လုံးတည်း ရှိတာမဟုတ်ပါဘူး။ များစွာရှိပါတယ်။ အမြို့မြို့ဆိုင်တိုင်းမှာ ၀ယ်လို့ ရပါတယ်။ ဒီမှာ ယှဉ်ကြည့်ပါ။ ဒါကြောင့် ဒီမြို့မှာ အဲဒီဦးထုပ်မျိုးကို ကျွန်တော်ရဲ့ အမှုသည် ဆောင်းလေ့ရှိသလို တခြားမြို့တွေမှာလည်း လူပေါင်းများစွာဟာ ဒီဦးထုပ်မျိုးတွေ ဆောင်းနေကြမှာပါပဲ။ ဒီတော့ တခြားမြို့က ဒီဦးထုပ်မျိုးဆောင်းလေ့ ရှိတဲ့ လူဟာ ဒီမြို့ကို ရောက်တုန်း လူသတ်မှုကျူးလွန်ပြီး ထွက်ပြေးရာက ကျကျန်ရစ်တာရော မဖြစ်နိုင်ဘူးလား။ ဒါကြောင့် ဒီသက်သေခံပစ္စည်းဟာ ခိုင်လုံတဲ့ သက်သေခံပစ္စည်းမဟုတ်ပါ။ ဖြစ်နိုင်ချေသံသယ၀င်စရာ များစွာရှိနေပါတယ်။ သံသယ အကျိုးကို တရားခံမှာ ခံစားပိုင်ခွင့်ရှိတဲ့အတွက် တိကျခိုင်လုံတဲ့ သက်သေခံပစ္စည်း တင်ပြနိုင်ခြင်းမရှိတဲ့ ယခုအမှုမှ လွှတ်ပေးဖို့ လျှောက်ထားအပ်ပါတယ် ခင်ဗျား´´

အဲသလို လျှောက်ထားတော့ တရားသူကြီးက စဉ်းစားပြီး ``ဟုတ်တယ်။ ဒီ ဦးထုပ်ဟာ တခြားမြို့က ဆောင်းလာတဲ့လူ ကျွတ်ကျကျန်ရစ်တာလည်း ဖြစ်နိုင်တယ်´´ ဟု တွေးမိ သဖြင့် လွှတ်ပေးလိုက်သည်။ ကိုသံလုံးက တော်တော်နှင့် ထွက်မသွား။ တရားသူကြီးက

``ဘာများ ပြောချင်သေးလို့လဲ´´

``အမှုပြီးသွားပြီဆိုရင် သက်သေခံတင်ထားတဲ့ ကျွန်တော့်ဦးထုပ်ကလေး ပြန်ရမလား မေးချင်လို့´

ခိုင်းပုံက

ရဲသားတစ်ယောက်က တရားခံတစ်ဦးကို အချုပ်ထဲထည့်လိုက်တယ်။ တရားခံက အချုပ်ခန်းထဲ ၀င်ပြီးတာနဲ့ ရဲသားဘက်လှည့်ပြီး

``ခိုင်းတယ်လည်း မအောက်မေ့ပါနဲ့ဗျာ။ အဲဒီ တံခါးလေး ပိတ်သွားစမ်းပါ´´

ခုမကြောက်ပါဘူး

နေ၀င်အံ့ ညနေချိန်တွင် လူတစ်ယောက်က သင်္ချိုင်းမြေကို ဖြတ်ရသည်။ ထိုစဉ် သူ့နောက်နားမှ အမျိုးသမီးတစ်ဦးကလည်း လိုက်လာသည်။ ယောက်ျားကထင်သည်။ အမျိုးသမီးလည်း ကြောက်သောကြောင့် အဖော်ရှိစဉ် လိုက်ဖြတ်တာပဲဟု။ သို့ဖြင့် သင်္ချိုင်းမြေလွန်စပြုသောအခါ အမျိုးသားက

``မင်းကရော တစ္ဆေကြောက်တတ်တာပဲလား´´

``ကျွန်မလား´´

``အင်း´´

``ရှင်နေတုန်းကတော့ ကြောက်တာပေါ့´´

``ဟင်´´

Tag: jokes | 99 Views | Share with Friends |  Report |  Rate this Journal:


Comments to naykyar
Subject:
Body: