Journal
Monday,Dec 15 2008, 08:55:20 AMPregnancy
ကိုယ်ဝန်ဆောင်ခြင်း Pregnancy ပုံမှန်အနေအထား၊

ကိုယ်ဝန်ဆောင်ခြင်းဆိုသည်မှာ သန္ဓေသားတယောက်၊ သို့မဟုတ် တယောက်မက ရှိလာခြင်း ဖြစ်သည်။ သာမန်အားဖြင့်နောက်ဆုံးရာသီ ရက်အပြီး (၉) လကြာသည်။ ကိုယ်ဝန်ရှိသမျှအရေအတွက်ကို G ဟု၎င်း၊အရှင်မွေးသမျှကို P ဟု၎င်း၊ ကိုယ်ဝန်ပျက်သည့်အရေအတွက်ကို P ၏ နောက်က အပေါင်းလက္ခဏာဖြင့်၎င်း ရေးသည်။ သားဦးကိုယ်ဝန်ကို G 1 ဟုခေါ်ပြီး၊ တခါမှမမွေးဖူးလျှင် G 0 ဟုခေါ်သည်။ နောက် ကိုယ်ဝန်တိုင်းကို G 1, G 2 စသည်ဖြင့် ခေါ်သွားသည်။ ဥပမာ G 3, P 1+1 ဆိုသည်မှာ တတိယ ကိုယ်ဝန်ရှိပြီး၊ (၁)ခါ အကောင်းမွေးဖူး၍
(၁)ခါ ကိုယ်ဝန်ပျက်ဖူးသည်ကို ဆိုလိုသည်။
ကိုယ်ဝန်တခုကို ပဌမ (၃)လ၊ ဒုတိယ (၃)လ၊ တတိယ (၃)လ ဟုပိုင်းခြားလေ့လာသည်။ ပဌမ(၃)လသည် ကိုယ်ဝန်ပျက်ရန်အဖြစ်နိုင်ဆုံး ကာလဖြစ်သည်။ ဒုတိယ (၃) လတွင် ကလေး ၏ ဖွံ့ထွားမှုများကို ကောင်းစွာ စောင့်ကြည့်နိုင်ပြီ ဖြစ်သည်။ တတိယ (၃) လသည် ကလေး သည်ရှင်မလား၊ ဆေးမကူဘဲမွေးမည်လားဆိုသည်ကို အဆုံးအဖြတ်ပေးသည်။
ကိုယ်ဝန်ဆောင်စ လက္ခဏာများ၊
ရာသီမဆင်းတော့ခြင်း၊ ကိုယ်ဝန်စရှိ့ခြင်းမည်သို့မျှမဖြစ်တတ်၊ သို့သော် ရင်သားနာခြင်း၊ အစာအိမ် ပြဿနာပေးခြင်း၊ အားယုတ်ခြင်း၊ ဆီး ခဏခဏသွားလိုခြင်း၊ သွေးအနည်းငယ်ဆင်းတတ်သည်။ ပျို့-အန် ခြင်းစသည့် (မောနင်း-ဆစ်ကနက်စ်) ခေါ်ကိုယ်ဝန်ရှိစလက္ခဏာများ ဖြစ်သည်။ ကလေးစတင် လှုပ်မည်၊ မိခင်သည် ယခင်ထက် အားအင်ပြည့်အလေးချိန် တိုးလာမည်၊ အနေအထိုင် ခက်ခဲလာမည်။ သွင်ပြင် လက္ခဏာများ ပြောင်းလာသည်။ စိတ်ပိုင်းဆိုင်ရာလည်း ပြောင်းလာသည်။
ကိုယ်ဝန်ဆောင်စဉ်ပြောင်းလဲမှုများ
ခါးနာခြင်း၊(အနေအထားပြောင်းပေးပါ၊ ခွါမြင့်ဖိနပ်မစီးရ၊ အလေးအပင်မ မရ၊ ခါးကုန်း၍မ မရ၊မလုပ်ရ၊ ခြေထောက်အားအမြင့်တွင်တင်၍ နားပါ၊ ဒူးကွေး၍ ဘေးတဖက်လှည့်အိပ်ပါ၊ ပေါင်ကြားထဲ တခုခု ခံထားပါ၊ ခါးကိုအပူ-အအေးတင်ပေးပါ၊ လေ့ကျင့်ခန်းလုပ်ပါ) အသက်ရှူ ခက်ခဲခြင်း၊(ခါးမတ်မတ်ထိုင်ပါ၊ အိပ်လျှင်ခပ်မတ်မတ်အိပ်ပါ၊ အသက်ရှူလေ့ကျင့်ခန်းလုပ်ပါ)၀မ်းချူပ်ခြင်း၊ (ရေ-အရည်များများသောက်ပါ အသီးအနှံများများစားပါ၊ လေ့ကျင့်ခန်းလုပ်ပါ၊ လမ်းလျှောက်ပါ) ကြွက်သားနာခြင်း၊ (ကယ်လ်စီယန်ဆေးစားပါ၊ လှုပ်ရှားလျင် သက်သက် သာသာ လုပ်ပါ) မကြာခဏ ဆီးသွားခြင်း ၊ လိပ်ခေါင်းဖြစ်ခြင်း ၊ ထုံ-ကျင်၊ အရေပြား ပြောင်းလဲမှုများ၊ မောပမ်းခြင်း ၊ အစာမကြေဖြစ်ခြင်း (တနေ့ ၅-၆ ကြိမ်အစာနည်းနည်းချင်းစားပါ၊ လေထတတ်သည့် အစားရှောင်ပါ၊ ဆိုဒါ- အင်တီအက်စစ်ဆေးမစားရ၊ အစာစားစဉ် ခပ်မတ် မတ်ထိုင်စားပါ၊ စားပြီးပြီးချင်း မအိပ်ရ၊ အစားစားပြီး ၂ နာရီ အတွင်း လေ့ကျင့်ခန်း မလုပ်ရ) ပျို့-အန်ခြင်း၊ (အိပ်ရာထ ထချင်း ဘီစကစ် ၊ ပေါင်မုန့်ကင် စားပါ၊ အိပ်ရာထလျင် ချက်ချင်းအိပ်ရာက မဆင်းရ၊ မကြိုက်သည့် အနံ့အသက်ရှောင်ပါ၊ အန်တာများကဆရာဝန်ပြပါ၊) သွေး ပြန်ကြောထုံးခြင်း၊ (ခြေထောက်မြှင့်ထားပါ၊ လှည်းနေပါ၊ အကြာကြီး မရပ်-မသွားရ၊ ခြေအိတ်- ဖိနပ် အကြပ်မစီးရ၊ အထူးလုပ်ထား သည့် ခြေအိပ်သုံးပါ၊ အမြဲထိုင်မနေရ၊) ဖေါရောင်ခြင်း၊ (ခြေထောက်မြှင့်ထားပါ၊ ဘယ်ဘက်စောင်းအိပ်ပါ၊ ဆားလျော့စားပါ၊)
ရင်သားပြောင်းလဲမှုများ၊
ရင်သားကြီးထွားလာမည်၊ နာမည်၊ တင်းမည်၊ ထိပ်ဖျားဝင်နေပါကဆွဲထုတ်ပေးပါ၊ ရေချိုးစဉ်ရင်သားထိပ်ဝကိုသန့်ရှင်းပေးပါ၊ ရင်သားတွင် အလုံး-အကြိတ် ရှိ-မရှိ စစ်ဆေးပါ၊ ကင်ဆာ သို့မဟုတ် ကင်ဆာမဟုတ်သည့် အကြိတ် ရှိ-မရှိ စစ်ဆေးခြင်းဖြစ်သည်၊ မိမိဖါသာလည်း စစ် ဆေးနိုင်သည်။
ကိုယ်ဝန်ဆောင်စောင့်ရှောက်ခြင်း Antenatal Care (ANC) or Pre-natal care
• မိခင်လောင်းတိုင်းအား၊ သာမန်အားဖြင့် -
• ရက်သတ္တ(၄)ပါတ်မှ (၂၈)ပါတ်အတွင်း တလတကြိမ်၊
• (၂၈)ပါတ်မှ (၃၆)ပါတ်အတွင်း တလ (၂)ကြိမ်၊
• (၃၆)ပါတ်မှ မွေးသည်အထိ တပါတ်တကြိမ် ကိုယ်ဝန်ဆောင်စောင့်ရှောက်ခြင်းလုပ်ပေးရမည်။
• ကိုယ်ဝန်နှင့် ပတ်သက်သော အသိပညာပေးရမည်။
• မိခင်အလေးချိန်၊ Weight
• သွေးဖိအား၊ Blood Pressure
• ကလေးအနေအထားနှင့် ကြီးထွားမှု၊
• နောက်ဆုံးရာသီပေါ်ခဲ့သည့်နေ့၊ Last Menstrual Period (LMP) (နောက်ဆုံးသွေးဆင်းသော ပဌမနေ့)ကို ရေးမှတ်ပါ။
• မွေးဖွါးမည့်ရက်(အီးဒီဒီ) Expected Due Date (EDD) တွက်နည်း၊
သာမန်အားဖြင့် နောက်ဆုံးရာသီပေါ်ပြီး ရက်ပေါင်း ၂၈၀ ရက်သတ္တပါတ် (၄၀)။
LMP ထဲသို့ (၉)လနှင့် (၇)ရက် ပေါင်းထည့်ပါက EDD ရသည်။
EDD ၏ ရှေ့-နောက် (၂)ပါတ်အတွင်း မွေးနိုင်သည်။ သို့သော် (၃၇-၄၂) ပါတ်လည်းဖြစ်နိုင်သည်။
• ကလေးနှလုံးခုန်သံ၊ Fetal Heart Sound (FHS) နားထောင်ရမည်။
Fetal Heart Sound (FHS) ကလေးနှလုံးခုံသံအားနားထောင်ခြင်း၊
၂၂ ရက်ကစ၍ ကလေးနှလုံးစခုန်သည်။ ၉-၁၀ ပါတ်ဆိုလျင် နားထောင်နိုင်သည်။ မိခင်၏နှလုံးခုန်သံသည် တမိနစ်လျင် ၁၀၀ ထက်မပို၊ ကလေးသည် ၁၂၀-၁၆၀ ခုန်မည်။ ကလေး၏ ခါးရိုးဖက်က ပိုကြားရသည်။
ဓါတ်ခွဲစမ်းသပ်ခြင်းများ၊
သွေးအုပ်စု၊ (A, B, AB or O)
(အာရ်အိခ်ျ-ဖက်တာ)ရှိ-မရှိ၊ Rh factor ရှိ-မရှိ
သွေးထဲရှိ(ဟီမိုဂလိုဗင်) Hemoglobin (Hb)
(ဟက်ပတိုက်တစ်-ဘီ) Hepatitis B virus ဗိုင်းရပ်စ်၊
(အိတ်ခ်ျအိုင်ဗွီ)ပိုး HIV ရှိမ-ရှိ၊
ဆီးထဲ သကြားဓါတ် Urine Sugar နှင့် ပရိုတင်းဓါတ် Albumin ရှိ-မရှိ၊
လိင်မှတဆင့်ကူးစက်ရောဂါများ(STDs) ရှိ-မရှိ၊
Ultrasound (အာလ်ထွာဆောင်း) ရိုက်ခြင်း၊
ကိုယ်ဝန်ဆောင်စဉ်ပေးရမည့်ဆေးများ၊
Anti Tetanus Toxoid (ATT) တလခြား၍ မမွေးမီ(၂) ခါးထိုးပြီး ဖြစ်ရမည်။
Iron သံဓါတ်၊
Folic acid ဖေါလစ်အက်စစ်၊
Vitamin B ဗီတာမင်ဘီအုပ်စု၊ (Vitamin B 12 ဗီတာမင်ဘီ ၁၂) အပါအ၀င်၊
Calcium ကယ်လ်စီယမ်၊
အလေးမွေးကာနီးပေးသင့်သည့် အားဖြစ်စေမည့်ဖျော်ရည်။ Labourade recipe
ပျားရည် 1/4 ခွက်၊ ဆား 1/2 ဇွန်း၊ သံပုရာရည် 1/3 ခွက်၊ (ကယ်လ်စီယံ)နှင့် (မဂ္ဂနီဆီယန်) ၁ ပြားစီ၊ ရေအေး ၁ လီတာ။
တိုးလာသည့် အလေးချိန်ဘာကြောင့်လဲ၊
• မိခင်၏အာဟာရများ၊ ၇ ပေါင်၊
• တိုးလာသောအရေ၏အလေးချိန်၊ ၄ ပေါင်၊
• တိုးလာသောသွေး၏အလေးချိန်၊ ၄ ပေါင်၊
• တိုးလာသောနို့၊ ၂ ပေါင်၊
• ကြီးလာသောသားအိမ်၊ ၂ ပေါင်၊
• ကလေး၏အလေးချိန်၊ ၇့  ၅ ပေါင်၊
• ရေမြွာရေ၊ ၂ ပေါင်၊
• အချင်း၏အလေးချိန်၊ ၁့  ၅ ပေါင်၊
• စုစုပေါင်းတိုးလာသည့်အလေးချိန်၊ ၃၀ ပေါင်။
ကိုယ်ဝန်ဆောင် ၉၉.၅%တွင် အလေးသည်ခေါင်းကအောက်၊ တင်ပဆုံကအထက်ဒေါင်လိုက်ရှိသည်။ ကလေး၏နောက်စေ့ကရှေ့ရောက် နေသည်။ ပုံမှန်အားဖြင့် ကလေးသည် နောက်ဖက်လှည့်၍ ဇောက်ထိုးနေမည်၊ ဦးခေါင်းကို ရင်ပတ်ထိအောင် ကွေးထားမည်၊ ခြေ လက် များက ရင်ပတ်ရှေ့၌ ကွေးနေသည်။ ဦးခေါင်းနှင့် ကိုယ်သည် တဖက်ဖက် လှည့်နေမည်။
အကောင်းဆုံးအလေးအနေထား၊
အလေး၏ဦးခေါင်းက အောက်၊ ကလေး၏မျက်နှာက နောက်ဖက် ၀ဲ သို့မဟုတ် ညာဖက်၊ ကလေး၏ဦးခေါင်းသည် ငုံ့ထားပြီးမေးစေ့က ရင်ဘတ်နှင့် ထိနေသည်။ ပုံမှန်မဟုတ်ပါက မျက်နှာ ၊ ပခုံး ၊ တင်ပဆုံ ၊ လက်မောင်း စသည်တို့သည် မွေးလမ်းဆီသို့ ပြုနေတတ်သည် ၊ ဦးခေါင်း ငိုက်မနေပါက မွေးလမ်းပို၍ကျယ်ကျယ်လိုအပ်သဖြင့် အလွယ်နှင့် မွေးမရနိုင်၊ ကလေးသည် အနေအထားပြောင်းတတ်သည်၊ မိမိဖါသာမိမိ ပြင်ဆင်တတ်သည်။
ကိုယ်ဝန်စမ်းခြင်း၊ ၀မ်းဗိုက်အား စမ်းသပ်ခြင်း
ချက်အောက် (၂၀)ပါတ်၊
ချက်အထက်နား (၂၂)ပါတ်၊
အမြင့်ဆုံး (ရင်ခေါင်းဆိုက်ချိန်)၃၈ ပါတ်၊
မွေးခါနီးလျင် ကလေးခေါင်းက မိခင်အရိုးကွင်းထဲ ၀င်လာသဖြင့် အောက်ပြန်ကျလာမည်။ ကလေးခေါင်းဆိုက်သည်ဟုခေါ်သည်။
ဆီးစပ်နေရာ၌ ကလေး၏ မည်သည့် အစိတ်အပိုင်းရှိနေသနည်း ကြည့်ရမည်၊ ကလေး၏ ဦးခေါင်းသည်လုံးဝန်း၍ မာပြီး၊ တင်ပဆုံသည် ခေါင်းလောက်မမာ၊ ခေါင်းလောက် မလုံးဝန်းခြေ၊ ဆီးစပ်နေရာ တွင် လက်မနှင့် ကျန်လက်ချောင်းတို့ကို သုံး၍ ခေါင်း ( သို့မဟုတ် ) တင်ပဆုံ တခုခုစမ်း၍ ရမည်။ ၎င်းအစိတ်အပိုင်းအား ဘေးတဖက်တချက်သို့ လှုပ်ကြည့်ခြင်းဖြင့် အရိုးကွင်းအထဲ ၀င်နေပြီ-မ၀င်သေးကို ဆုံးဖြတ်နိုင်သည်။
ကိုယ်ဝန်၏ ဘေးတဘက်တချက်အား ညင်သာသောဖိအားသုံး၍ ကလေး၏ကျောရိုးဖက်နှင့် ရှေ့ဘက်တို့အားရှာရသည်။ ကျောရိုးသည် မာကြောသည်။ ကလေးအမွှာဖြစ်ပါက ခေါင်း(၂)လုံး ရှာ၍ရမည်။
ကလေး၏နှလုံးခုန်သံနားထောင်ရမည်။


